၂၀၁၉ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲတော် ကျင်းပပြုလုပ်

မက်စ်ဘိလပ်မြေ အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် နှင့် ပစ္စုပ္ပန်သာမက အနာဂတ်မျိုးဆက်သစ်များအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေအတွက် ရည်ရွယ်ကာ နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်သော မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို မက်စ်ဘိလပ်မြေ ဝန်ထမ်းများမှ မက်စ်ဘိလပ်မြေစက်ရုံတွင် ပျိုးပင် (၆၅၀) ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၊ ၂၇ ရက်နေ့ တွင် ပျိုးထောင် စိုက်ပျိုးကာ ကျင်းပပြုလုပ်ခဲ့သည်။

မက်စ်မြန်မာအနေဖြင့် Environmental Policy များ စနစ်တကျ ချမှတ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေဖို့အတွက် သစ်ပင်စိုက်ခြင်းကဲ့သို့ သဘာဝပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းက ဆောင်ရွက်လျက်ရှိရာ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် Max Cement အနေဖြင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကို ယခုနှစ်များတွင် လည်း တက်ကြွစွာဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး၊ Max Cement မက်စ်ဘိလပ်မြေအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲတော် ကိုနှစ်စဉ်အမြဲ ကျင်းပပြုလျက်ရှိရာတွင် အပင်ပေါင်း တစ်သောင်းခန့် စိုက်ပျိုးထားရှိပြီးဖြစ်ကာ စက်ရုံပတ်၀န်းကျင် နှင့် သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ထားလျက်ရှိပါသည်။