ရန်ကင်းကလေး ဆေးရုံကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး မက်စ် ဘိလပ်မြေ မှ ဝန်ထမ်းများ စုပေါင်းလုပ်အားပေး

ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ မက်စ်ဘိလပ်မြေ မှ ဝန်ထမ်းများသည် ရန်ကင်းကလေး ဆေးရုံကြီး ပတ်ဝန်းကျင် သန့်ရှင်း သာယာရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သန့်ရှင်းရေးကို အလှည့်ကျဆောင်ရွက် ပေးလျက်ရှိပါသည်။
ပြီးခဲ့သည့် ၂ဝ၂၀ခုနှစ် မတ်လ (၁) ရက်နေ့ နံနက်ပိုင်းတွင် မက်စ်ဘိလပ်မြေ မှ ဝန်ထမ်းများ စုပေါင်းပါဝင်ကာ လုပ်အားပေးခဲ့ကြပြီး ဆေးရုံကြီး ပရဝဏ်အတွင်းရှိ ရေမြောင်းများ၊ ကလေး ကစားကွင်း၊ ပန်းခြံ၊ ယာဉ်ရပ်နားသည့် နေရာများရှိ အမှိုက်များနှင့် သစ်ရွက်ခြောက်များကို လှည်းကျင်းစနစ်တကျ စွန့်ပစ်ကာ ဆေးရုံကြီး သန့်ရှင်း သာယာရေးအတွက် စုပေါင်း ပါဝင်ခဲ့ကြသည်။