ဘိလပ်မြေစက်ရုံ (နေပြည်တော်)အား နှစ်ရှည်ငှါးရမ်းခြင်းဆိုင်ရာ စာချုပ်ကို မက်စ်ဘိလပ်မြေနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ချုပ်ဆိုခြင်း

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ (၄) ရက်နေ့တွင် မက်စ်မြန်မာထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ)သည် နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် ဘိလပ်မြေစက်ရုံအား ပြင်ပပုဂ္ဂလိက ကုမ္ပဏီများသို့ နှစ်ရှည်ငှါးရမ်းဆောင်ရွက်ရန် တင်ဒါကို အောင်မြင်ခဲ့ပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် ဘိလပ်မြေစက်ရုံ အား နှစ်ရှည်ငှါးရမ်းခြင်းအတွက် မက်စ်မြန်မာနှင့် ပထမအကြိမ် ဆွေးနွေးမှုဆိုင်ရာ သဘောတူညီချက် (Agreement of Discussion) စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့ပါသည်။

၂၀၂၁ ပြည့်နှစ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် မက်စ်ဘိလပ်မြေစက်ရုံအနီးရှိ Wet process ဖြင့်တန် (၅၀၀) လည်ပတ်နိုင်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် ဘိလပ်မြေစက်ရုံအား နှစ်ရှည်ငှါးရမ်းခြင်းဆိုင်ရာစာချုပ်ကို မက်စ်ဘိလပ်မြေနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့ အွန်လိုင်းစနစ်ဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုခြင်းဖြစ်ပါသည်။

ဘိလပ်မြေစက်ရုံနှစ်ရုံလုံးမှာ ထုံးကျောက်တောင်တစ်ခုကိုသာ မျှဝေသုံးစွဲလျက်ရှိနေပြီး၊ ထိုသို့စာချုပ်ချုပ်ဆိုလိုက်သောကြောင့် မက်စ်ဘိလပ်မြေ အနေဖြင့် တန် (၂၁၀၀) ထုတ်လုပ်မှုအတွက် လိုအပ်သော ထုံးကျောက်ပမာဏကို သေချာစွာရရှိနိုင်မည်ဖြစ်ပါသည်။

Max Cement completed Long-term Lease Agreement with NCDC Cement Plant
Max Myanmar Manufacturing (Max Cement) won the tender invitation for the lease of NCDC cement plant (Nay Pyi Taw) on 4th August 2020.The first online signing ceremony of the Agreement of Discussion (AOD) with Max Cement for long-term lease of NCDC Cement Factory was held on 29th December 2020.

An online signing ceremony between Max Cement and NCDC was held on 21st September 2021 on the long-term lease of NCDC 500 TPD Wet Process Cement Plant which is located at the same location of 2100 TPD Max Cement Plant.

Both plants use same limestone deposit for their production and by entering the agreement of long-term lease, Max Cement will, at the same time, be able to secure the limestone for its 2100 TPD cement production.

Tender Announcement Link :  Here