Max Cement ၏ ရုံးချုပ်နှင့် စက်ရုံတို့တွင် ISO Surveillance External Audit ပြုလုပ်

Max Cement သည် စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက် ISO 9001:2015 Certificate ကို ရရှိပိုင်ဆိုင်ထားသည့် အရည်အသွေးမြင့် ဘိလပ်မြေ အမျိုးအစား တစ်ခု ဖြစ်သည်နှင့်အညီ ယခင်ထက် ပိုမိုကောင်းမွန် တိကျသော စီမံခန့်ခွဲမှုများရှိစေရန် အတွက် ISO Surveillance External Audit ကို နှစ်စဉ် ပြုလုပ် စစ်ဆေးလျက်ရှိပါသည်။

UK အခြေစိုက် GCL International Audit Ltd မှ Audit Team Leader Mr. Kasemasak (LA) မှ ဦးဆောင်သော အဖွဲ့ဝင်များသည် Max Cement ၏ ရုံးချုပ်နှင့် စက်ရုံသို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နှင့် ၁၃ရက်နေ့မျာတွင်း အသီးသီး လာရောက် စစ်ဆေးခဲ့ကြပြီး Max Cement ၏ Management အဖွဲ့၀င်များနှင့် Closing Meeting တစ်ရပ် ပြုလုပ်ခဲ့ပါသည်။