မက်စ်မြန်မာထုတ်လုပ်မှုကုမ္ပဏီလီမိတက်(မက်စ်ဘိလပ်မြေစက်ရုံ) ဝန်ထမ်းများ၏ သားငယ်၊ သမီးငယ်များအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်
မက်စ်မြန်မာထုတ်လုပ်မှုကုမ္ပဏီလီမိတက်(မက်စ်ဘိလပ်မြေစက်ရုံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သားငယ်၊ သမီးငယ်များ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၅ခုနှစ် ဇွန်လ ၁၀ရက်နေ့တွင် မက်စ်ဘိလပ်မြေစက်ရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အထက်တန်းကျောင်းသား/သူ (၂၄) ဦး၊ အလယ်တန်း ကျောင်းသား/သူ (၅၀) ဦး နှင့် မူလတန်း ကျောင်းသား/သူ (၁၃၅) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၀၉) ဦး အတွက် ပညာသင်စရိတ် စုစုပေါင်း ငွေကျပ် (၁၄၅)သိန်းအား ကုမ္ပဏီ၏အုပ်ချုပ်မှုအဖွဲ့ဝင်အသီးသီးမှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။