မက်စ်မြန်မာထုတ်လုပ်မှုကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ)၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ
၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်၊ သောကြာနေ့တွင် မက်စ်မြန်မာထုတ်လုပ်မှုကုမ္ပဏီလီမိတက် (မက်စ်ဘိလပ်မြေ)၏ရုံးချုပ်နှင့်စက်ရုံဝန်ထမ်းမိသားစုများမှ စုပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ဖန်လုံအိမ်အာနိသင် လျော့ချနိုင်ရေးအတွက် ရည်ရွယ်လျက် မက်စ်ဘိလပ်မြေစက်ရုံ၏ စိုက်ပျိုးမြေဧရိယာတွင် ကျွန်း၊ ပိတောက် အစရှိသည့် နှစ်ရှည်ပင် (၂၁၆)ပင် ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ကြပါသည်။ ဆက်လက််၍ နံနက် (၉း၃၀)နာရီအချိန်တွင် ဝါတွင်းကာလ သီတင်းသုံးနေထိုင်ကြသည့် အောင်ဓမ္မရိပ်သာမက်စ်ဘိလပ်မြေစက်ရုံကျောင်းတိုက်မှ သံဃာတော်အရှင်သူမြတ်များအား မက်စ်ဓမ္မာရုံသို့ပင့်ဖိတ်၍ ဝါဆိုသင်္ကန်း၊ နဝကမ္မအလှူငွေ၊ နေ့ဆွမ်းနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ပင့်သံဃာတော်များထံမှ တရားတော်နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။