မက်စ်ဘိလပ်မြေစက်ရုံ၏ (၁၆) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်

မက်စ်ဘိလပ်မြေစက်ရုံ ၏ (၁၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို  ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၁၉ရက်တွင်  တောင်ဖီလာ မက်စ်ဘိလပ်မြေစက်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ Max Cement မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် Max Cement မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။
အစီအစဉ်အရ မနက်ပိုင်းတွင် စက်ရုံအတွင်းရှိ မက်စ်ဓမ္မာရုံ၌  သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းတို့ ပြုလုပ်၍ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ဟောကြားပေးခဲ့ပြီး ဖြင့် ကုသိုလ်ပြုအစီအစဉ်များကို စတင်ခဲ့ပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် မက်စ်ဘိလပ်မြေစက်ရုံ (၁၆) နှစ်ပြည့် အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး မက်စ်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ညနေ ၅ နာရီအချိန်တွင် M Gallery ဟိုတယ်၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ စုပေါင်း၍ မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ  Max Myanmar Group၏ ဥက္ကဌ ဖြစ်သူ ဦးအုန်းကျော် မှ အဖွင့်အမှာစကား၊ Max Cement ၏  MD ဦးသန်းဦးမှ နုတ်ခွန်းဆက်စကား နှင့်  စက်ရုံမှူး ဦးနောင်နောင်အေးမှ ဝမ်းသာဂုဏ်ယူစကားများ ပြောကြားခဲ့ပြီး  Max Cement ၏ (၁၆)နှစ်ပြည့်  အထိမ်းအမှတ် ကိတ်မုန့်ခွဲ၍ ပျော်ရွှင်စွာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။
ထို့နောက် မက်စ်ဘိလပ်မြေ၏ (၁၆)နှစ်ပြည့် မှတ်တမ်းဗီဒီယိုကို ပြသခဲ့ပြီး တေးသီချင်းသီဆိုမှုများဖြင့် တင်ဆက်ခဲ့ပြီး၊ ဖျော်ဖြေ‌နေစဉ်အတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှ ဆုရရှိသူများကို  ဆုများပေးအပ်ချီးမြှင့်ခဲပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲအစီအစဉ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆုမဲလက်ဆောင်များကို မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး ကံထူးရှင်များကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ မက်စ်ဘိလပ်မြေမှ ဝန်ထမ်းများ အားလုံး (၁၆)နှစ်ပြည့်  နှစ်ပတ်လည်အခမ်းအနားကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြပြီး တေးသံသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပါသည်။
Max Cement ၏ (၁၆)နှစ်ပြည့်  အထိမ်းအမှတ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အဖက်ဖက်မှ အားပေးကူညီပံ့ပိုး ပေးခဲ့ကြသော Polo Seven ၊ Sandar Thiri ၊ Unismart၊ Tu Paung၊ Sofu၊ ESSA၊ YKW၊ Ko Zaw Win (Taungoo)၊ San Pya Engineering၊ U Than Ohm၊ Power 95၊ Taw Win Moe Htet San၊ Yoon Than Lwin၊ IPE၊ 555 Pipe၊ San Pyae Sone၊ Real Power၊ Ko Latt၊ AKT တို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။