COMPANY PROFILE

ကုမ္ပဏီအကြောင်း

မက်စ်မြန်မာ ကုန်ထုတ်လုပ်မှု ကုမ္ပဏီသည် Max Myanmar Holding ကုမ္ပဏီမှ တည်ထောင်ထားသော လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ မက်စ်ဘိလပ်မြေစက်ရုံကို မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်အနီး လယ်ဝေးမြို့နယ် တောင်ဖီလာဒေသတွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းကို စတင်ခဲ့သည်။ မက်စ်ဘိလပ်မြေစက်ရုံကို Wet Process ဖြင့်တစ်နေ့လျှင် တန်ချိန် ၅၀၀ ထုတ်လုပ်ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လျှပ်စစ်စွမ်းအားနှင့် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန် Dry Process သို့ပြောင်းလဲရန် တစ်နေ့လျှင် တန်ချိန် ၂၁၀၀ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွှက်ခဲ့သည်။ ယခုအခါတစ်နေ့လျှင် တန်ချိန် ၂၁၀၀ ထုတ်လုပ်မှုစွမ်းအားအပြည့်ဖြင့် လည်ပတ်လျှက်ရှိသည်။

 

မြန်မာနိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်သော လုပ်ငန်းများ

၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးစနစ်တွင် မြန်မာနိုင်ငံ၏ အကြီးစားအခြေခံ အဆောက်အအုံစီမံကိန်းများ များပြားလာမှုနှင့်အညီ ဆောက်လုပ်ရေးပစ္စည်းများ ဝယ်လိုအားမြင့်တက်လာပြီး နိုင်ငံအတွင်း၌ ဆောက်လုပ်ရေး အခန်းဏ္ဍကြီးထွားလာခဲ့သည်။ အစိုးရနှင့်ပုဂလိကဘိလပ်မြေစက်ရုံများ၏ ထုတ်လုပ်နိုင်မှုစွမ်းအားသည် ဝယ်လိုအား၏ ထက်ဝက်ခန့်သာရှိခဲ့သည်။ ဝယ်လိုအားမြင့်တက်လာမှု ကြောင့် ဘိလပ်မြေရှားပါးမှုကို ဖြည့်ဆည်းပေးရန်အတွက် မက်စ်မြန်မာ ကုန်ထုတ်လုပ်မှု ကုမ္ပဏီသည် မက်စ်ဘိလပ်မြေစက်ရုံ၏ စွမ်းအားကို အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဆောင်ရွှက်လျှက်ရှိသည်။ လာမည့်နှစ်များတွင်လည်း အလုပ်ကိုင် အခွင့်အလမ်း မြှင့်တင်ရန်နှင့် တိုင်းပြည် အခွန်ဝင်ငွေတိုးတက်မြင့်မားလာရန် ဘိလပ်မြေလုပ်ငန်းသည် အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်လာလိမ့်မည်။ ထို့ပြင် ဘိလပ်မြေလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကျိုးအမြတ် အခွင့်အလမ်း များစွာ ရရှိလာမှုကြောင့် ပြည်ပရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်နိုင်သော အရင်းအမြစ် တစ်ခုဖြစ်လာနိုင်သည်။

 

မျှော်မှန်းချက်

ရေရှည်တည်တံ့ခိုင်မြဲတိုးတက်မှု၊ တာဝန်ယူမှုတို့နှင့်အတူ အကောင်းဆုံး အရည်အသွေးကို ပေးစွမ်းနိုင်သော ပြည်တွင်းဖြစ်ဘိလပ်မြေ လုပ်ငန်းဖြစ်လာစေရန်။

ရည်မှန်းချက်

အရည်အသွေးမြင့်ထုတ်ကုန်မှတဆင့် လူ့အဖွဲ့အစည်းနှင့် ရပ်ရွာဖွ့ံ့ဖြိုးမှုကို ဦးတည်လျှက် လုပ်ငန်းတွင် ပူးပေါင်းပါဝင်သူများ၏ အကျိုးအမြတ်ကို ဖန်တီးပေးခြင်းဖြင့် တာဝန်ယူမှုအပြည့်ရှိသော စီးပွားရေးလုပ်ငန်းဖြစ်လာစေရန်။  

ရည်ရွယ်ချက်များ

  • မြန်မာနိုင်ငံ၏ လိုအပ်ချက်များနှင့် ပြည်တွင်းဈေးကွက်၏ တောင်းဆိုမှုကို ဖြည့်တင်းပေးရန်။
  • စီးပွားရေးလုပ်ငန်းများ၏ပတ်ဝန်းကျင် အသိအမြင်နှင့်ရပ်ရွာ အသိအမှတ်ပြုမှုမြှင့်တင်ရန်။
  • လူမှုစီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်။
  • သဘာ၀ သယံဇာတ အရင်းအမြစ်များကို အကျိုးရှိစွားအသုံးပြုရန်။
  • ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်။
 

၀န်ထမ်းအင်အား

မက်စ် ဘိလပ်မြေစက်ရုံ၏ ဝန်ထမ်းအင်အားမှာ ၆၀၀ခန့် ရှိပါသည်။    

မက်စ် ဘိလပ်မြေစက်ရုံ တည်နေရာ

မက်စ် ဘိလပ်မြေစက်ရုံသည် မြန်မာနိုင်ငံအလယ်အပိုင်း မန္တလေးတိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်၊ တောင်ဖီလာဒေသတွင် တည်ရှိပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမှ (၉)မိုင်နှင့် နေပြည်တော်မှ (၃၈)မိုင်ကွာဝေးပါသည်။ စက်ရုံဧရိယာ အကျယ်အဝန်းမှာ (၂၆၂.၅) ဧကရှိပါသည်။

မက်စ်ဘိလပ်မြေ၏ တန်ဖိုးထားဆောင်ရွက်မှုများ

  1. ယုံကြည်စိတ်ချရသော ကုန်ပစ္စည်း
  2. သုံးစွဲသူစိတ်တိုင်းကျ ဝန်ဆောင်မှုပေးခြင်း
  3. လုံခြုံစိတ်ချရသော လုပ်ငန်းခွင်
  4. ဝန်ထမ်းများ၏ လုပ်ငန်းခွင် တိုးတက်မှု
  5. ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု
  6. ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဆက်ဆံမှုရှိခြင်း
  7. စည်းလုံးမှုရှိသော အုပ်ချူပ်မှုစနစ်
  8. လူမှုရေး တာဝန်ယူမှု