Sumitomo Osaka Cement နှင့် မက်စ်ဘိလပ်မြေ (Max Cement) တို့အကြား သဘောတူစာချုပ်များချုပ်ဆို

မက်စ်ဘိလပ်မြေ (Max Cement) အနေဖြင့် ဂျပန်နိုင်ငံ၏ ထိပ်တန်းဘိလပ်မြေ အမှတ်တံဆိပ် တစ်ခုဖြစ်သော Sumitomo Osaka Cement နှင့် အရည်အသွေးမြင့် ဘိလပ်မြေထုတ်လုပ်မှု နည်းပညာများ ပံ့ပိုးကူညီ ထုတ်လုပ်ခြင်းဆိုင်ရာ သဘောတူစာချုပ် (Technical Consultancy Agreement) နှင့် မြန်မာနိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်ခြင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလန်း လက်တွဲပူးပေါင်းရှာဖွေခြင်းဆိုင်ရာ သဘောတူစာချုပ်တို့ကို ၂၀၁၉ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sumitomo Osaka Cement ၏ ရုံးချုပ် အဆောက်အဦးတွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။
မက်စ်ဘိလပ်မြေ (Max Cement) အနေဖြင့် မိမိတို့ ထုတ်ကုန်များ၏ အရည်အသွေး တိုးတက်မြင့်မားရေးအတွက် အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ သဘောတူ စာချုပ်များချုပ်ဆို နိုင်ခြင်းကြောင့် အခြေခံအဆောက်အဦများ၊ အထပ်မြင့်အဆောက်အဦများ အတွက် ပိုမိုကောင်းမွန်သော ဂျပန်အရည်အသွေးမီ အဆင့်မြင့်ဘိလပ်မြေ အမျိုးအစား အသစ်များကို မကြာမီကာလအတွင်း ထုတ်လုပ်ဖြန့်ချိနိုင်တော့မည်ဖြစ်သည်။
[English]
In order to improve quality and to explore the potential investment opportunities in Myanmar Cement Industry, Max Myanmar Manufacturing Company Limited, a subsidiary of Max Myanmar Group, and Sumitomo Osaka Cement Corporation, one of the top cement manufacturers in Japan have signed LOI and agreement for Technical Assistance in Tokyo on 30th September.
The technical assistance from Sumitomo Osaka Cement will enable Max Cement to produce higher and better quality cement products most suitable for infrastructure development projects and high-rise buildings.
[Japanese]
Max MyanmarグループのセメントメーカーであるMax Manufacturingは、日本のセメント大手住友大阪セメントと技術支援及び将来の業務資本提携に関するアグリーメントについて、9月30日東京にて調印いたしました。
この技術支援提携によりMax Manufacturing (Max Cement) は、インフラ向け、及び高層ビル向けにより高強度で耐久性の高いセメントを製造してまいります。