Max Cement Factory သို့ နေပြည်တော် သူနာပြုသင်တန်းကျောင်း မှ သင်တန်းသား၊သင်တန်းသူများ လာရောက်လေ့လာ

သူနာပြုကျောင်း၊နေပြည်တော် တွင် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း (တတိယနှစ်) သင်တန်းသား၊သင်တန်းသူ (၅၈) ဦး တို့အား ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုဘာသာရပ်မှ Occupational Health ခေါင်းစဉ်ဖြင့် မက်စ်ဘိလပ်မြေစက်ရုံသို့ ၂၀၁၉ ခုနှစ်၊ဇန်နဝါရီလ၊ ၂၄ ရက်နေ့ တွင် လာရောက်လေ့လာပြီး လိုအပ်သော ကျန်းမာရေး အသိပညာပေးမှုများ စောင့်ရှောက်မှုများကို ညှိနှိုင်းပြီး စက်ရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် အလုပ်အမှုဆောင်များမှ သိလိုသည်များကို လိုက်လံပြသပြီးနောက် သင်တန်းကြီးကြပ်ရေးမှုး ဒေါက်တာဇော်ရဲထွဋ် (လက်ထောက်ဆရာဝန်)၊ လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှဟောပြောပြီး သင်တန်းသား၊ သင်တန်းသူများမှ စက်ရုံနှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများကို လေ့လာမှတ်သားခဲ့ကြပါသည်။