Max Myanmar Manufacturing Co.,Ltd. ရုံးချုပ်နှင့် မက်စ်ဘိလပ်မြေစက်ရုံ ဝန်ထမ်းမိသားစု၏ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာကို ၂၀၂၅ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့တွင် သံဃာတော် (၄၅)ပါးအား ပင့်ဖိတ်၍ မက်စ်ဘိလပ်မြေစက်ရုံ အောင်ဓမ္မရိပ်သာကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
၎င်းအလှူတော်မင်္ဂလာတွင် ပင့်သံဃာ(၄၅)ပါးအတွက် နဝကမ္မအလှူတော်ငွေအဖြစ် စုစုပေါင်း( ၂၂)သိန်း (၅)သောင်းကျပ်ကိုလည်းကောင်း၊ ကုမ္ပဏီနှင့်ဝန်ထမ်းမိသားစုများ၏ထည့်ဝင်မှုဖြင့် စုစုပေါင်း (၁၁၃)သိန်း(၇)သောင်း (၆)ထောင်ကျပ် တန်ဖိုးရှိသော ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများကို လည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ကြွရောက်တော် မူလာကြသည့် သံဃာတော် အရှင်သူမြတ်တို့က ကထိန်သင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်သည့်တရားတော်များကို ချီးမြှင့်ဟောကြားပေးပြီးနောက်လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များကို နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။