Max Myanmar Manufacturing Co., Ltd. (MAX CEMENT) နှင့် Sinoma International Engineering Co., Ltd. (SINOMA) တို့အကြား စက်ရုံလည်ပတ်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာလုပ်ငန်းများ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့

MAX CEMENT နှင့်  SINOMA တို့အကြား စက်ရုံလည်ပတ်ခြင်းနှင့် ပြုပြင်ခြင်းဆိုင်ရာလုပ်ငန်းများ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သဘောတူညီချက် စာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ၂၀၂၅ ခုနှစ် မေလ  ၂၂ ရက်နေ့ နံနက် (၉) နာရီတွင် Max Myanmar Group ရှိ ပုဂံအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
MAX CEMENT သည် မြန်မာနိုင်ငံ၏ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်ဖြစ်သော ဘိလပ်မြေများကို သာလွန်ကောင်းမွန်သောအရည်အသွေး၊ မှန်ကန်သောဈေးနှုန်းများဖြင့် စဉ်ဆက်မပြတ်ပံ့ပိုးရောင်းချပေးနိုင်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အလျောက် ယခုအခါတွင်လည်း စက်ရုံ၏လည်ပတ်မှုစွမ်းအားများယခုထက်ပိုမိုကောင်းမွန်ပြီး ထုတ်လုပ်မှုအရည်အသွေးနှင့် အရည်အတွက် မြင့်မားကာ ဈေးကွက်လိုအပ်ချက်အားပိုမိုပံ့ပိုးပေးနိုင်ရေးတို့ကို ရည်မှန်းလျက် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များဖြင့်ဖွဲ့စည်းထားသော SINOMA International Engineering Co., Ltd. နှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။