Max Cement စက်ရုံနှင့် ရုံးချုပ်ဝန်ထမ်းများအား ရုံးတက်ရက်မှန်ဆု ချီးမြှင့်ပေးအပ်ခြင်း
Max Cement စက်ရုံနှင့် ရုံးချုပ်တို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက်မှ ၂၀၂၅ခုနှစ် တစ်နှစ်ပတ်လုံး ခွင့်မယူသည့် ဝန်ထမ်းများအတွက် ရုံးတက်ရက်မှန်ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို (၇. ၁. ၂၀၂၆)ရက်နေ့တွင် စက်ရုံနှင့် ရုံးချုပ် အစည်းအဝေးခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Max Cement ဘိလပ်မြေ လုပ်ငန်း၏ အဓိကလုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်တာဝန်များကို သိရှိနားလည်ပြီး ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နိုင်စေရန်၊ သက်ဆိုင်ရာ လုပ်ငန်းခွင်များအတွင်း စည်းကမ်းတကျ တာဝန်ထမ်းဆောင်မှု၊ ပေးအပ်ထားသည့် တာဝန်များအတွက် ကြိုးစားအားထုတ်မှုနှင့် ဝန်ထမ်းအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်ခဲ့ခြင်းများအတွက်ကို ချီးကျူးဂုဏ်ပြုသောအားဖြင့် ရုံးတက်ရက်မှန်ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။