မက်စ်ဘိလပ်မြေ၊ မက်စ်မြန်မာကုန်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ဥက္ကဌ ဦးဇော်ဇော်၊ Group CEO ဒေါက်တာသောင်းဟန်တို့သည် ၁၆၊ ဇန်နဝါရီ၊ ၂၀၁၉ ခုနှစ် မနက်ခင်းပိုင်းတွင်း တောင်ဖီလာဒေသရှိ မက်စ်ဘိလပ်မြေစက်ရုံသို့ စက်ရုံလည်ပတ်မှုအခြေအနေများ၊ လုပ်ငန်းဆောင်တာများကို လာရောက်ကြည့်ရှု စစ်ဆေးပြီး မက်စ်ဘိလပ်မြေစက်ရုံ နှင့် ရုံးချုပ် တာဝန်ရှိ အကြီးအကဲများအား လိုအပ်သည်များကို မှာကြားကာ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား နှစ်သစ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။