ISY မှ ကျောင်းသား၊ ကျောင်းသူများမှ ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ရည်ရွယ်လှူဒါန်း

အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း ရန်ကုန်မြို့ (ISY – The International School Yangon)မှ ကျောင်းသား၊ ကျောင်သူများက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့သဖြင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများအတွက် ရည်ရွယ်လှူဒါန်းသည့် အစားအသောက်နှင့် အလှူငွေများကို ဧရာဝတီဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းမှု အစီအစဉ်ကို ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့ ညနေ ၃နာရီခွဲတွင် ISY – The International School Yangonတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခြေခံစားသောက်ကုန်နှင့် အလှူငွေများကို ဧရာဝတီဖောင်ဒေးရှင်းမှ အဖွဲ့သားများက လက်ခံရယူခဲ့ပြီး ရေဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများထံသို့ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့တွင် သွားရောက် လှူဒါန်းပေးခဲ့ပါသည်။ ဧရာဝတီဖောင်ဒေးရှင်းနှင့် Max Cement မှ ဝန်ထမ်းများ သွားရောက်ကူညီ လှူဒါန်းပေးခဲ့သည့် ရေကြီးနစ်မြုပ်နေသည့် မြို့နယ်များထဲမှ ရေဘေးဒဏ်ခံကို အများဆုံးခံစားခဲ့ရသည့် ရေတာရှည်မြို့နယ် သိုင်းဝ ကျေးရွာအုပ်စု၊ ကျွန်းတောစု ကျေးရွာများထံသို့ ထပ်မံသွားရောက်၍ (ISY – The International School Yangon)မှ ကျောင်းသား၊ ကျောင်သူများ စုပေါင်းလှူဒါန်းခဲ့သည့် ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အလှူငွေကျပ် လေးသိန်းသုံးထောင်တိတိ (စုစုပေါင်း ကျပ်၁၀သိန်း) ကို ဧရာဝတီဖောင်ဒေးရှင်းမှ အဖွဲ့သားများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများထံသို့ ပေးအပ်လှူဒါန်းပေးခဲ့ပါသည်။