အနာဂတ် ပန်းပွင့်လေးများအတွက် Max Cementမှ ကျောင်းကြို၊ ပို့.ယာဉ်စီစဉ်ပေး

Max Cement အနေဖြင့် မိမိတို့ အခြေစိုက်နေရာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စက်ရုံတည်ထောင်ချိန်မှ ယနေ့အထိ အစဉ်အလေးထားဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဒေသခံ ကလေးသူငယ်များ၏ ပညာရေးကို အားပေးသည့် စီမံကိန်းများလည်း ပါဝင်ပါသည်။ ။ ထို့ကြောင့် မက်စ်ဘိလပ်မြေ အနေဖြင့် တောင်ဖီလာဒေသမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးအတွက် လိုအပ်သော စာရေးကရိယာ နှင့် ပစ္စည်းများ ကို နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိပါသည်။ ယခုအကြိမ်တွင်လည်း ကျောင်းနှင့် ဝေးလံသော နေရာဒေသများမှ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်းသူ၊ကျောင်းသား ကလေးငယ်များ ကျောင်းသို့ သက်တောင့်သက်သာနှင့် အချိန်မီရောက်ရှိနိုင်ရန် ကျောင်းကြို့ပို့ ကားကို စီစဉ်ပေးလျက်ရှိပါသည်။ ကလေးငယ်များသည် ကျောင်းသို့ နာရီ၀က်ခန့် လမ်းလျောက်ကာ နေ့စဉ် ပညာသင်ယူနေကြရခြင်း မှ သက်တောင့်သက်သာစွာ ပညာသင်ကြားနိုင်ပြီး ပန်းကလေးများ ပွင့်တော့မည် ဖူးတံ၀င့်လိုချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း။” ဆိုတဲ့ ကဗျာလေးကို ပျော်ရွှင်စွာ ရွတ်ဆိုနိုင်ရင်း အနာဂတ်နိုင်ငံတော်ကို ပုံဖော်ထုဆစ် နိုင်ကြမည်ဟု Max Cement အဖွဲ့သားများမှ ယုံကြည်လျက်ရှိပါသည်။။