ရွှေလင်းကျေးရွာအုပ်စု မှ ကျေးရွာပေါင်း ၆ ရွာ ရှိ ရေဘေးသင့်ပြည်သူ များ အတွက် အလှူ

ဧရာဝတီဖောင်ဒေးရှင်းနှင့်အတူ Max Cement မှ ဝန်ထမ်းမိသားစုများသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျခဲ့သဖြင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေသည့်
ရွှေလင်းကျေးရွာအုပ်စု မှ ကျေးရွာပေါင်း ၆ ရွာ ရှိ ရေဘေးသင့်ပြည်သူ များ အတွက် ရေသန့် ၁၀၀ ကဒ်၊ မုန့် ၁၇ ဖာ၊ ဆန် ၁၀ အိတ် နှင့် မုန့် ဆေးဝါးများကို ၂၀၁၈ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် သွားရောက်ကာ လှူဒါန်းခဲ့ပါသည်။

မက်စ်ဘိလပ်မြေ တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း များမှလည်း မိမိတို့၏ လုပ်အားဒါန နှင့် လုပ်အားခများ ထဲမှ တတ်အားသမျှကို ရေဘေးဒဏ်သင့်ပြည်သူများအတွက် လိုအပ်သော ပံ့ပိုးကူညီမှူများကို ထပ်တိုး ၍ အားဖြည့်ကာ ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။